YOLO/KRIZ/Han Thar-April歌曲免费下载

《YOLO/KRIZ/Han Thar-April》歌曲详情

作词 : Kriz Deng

作曲 : Kriz Deng

Cigarette တစ်လိပ်

ဖွာရှိုက်မိရင်းနဲ့တွေး

အဖြူရောင်ကတိစကားလေးရယ်

သေအတူ ရှင်မကွဲပေါ့ကွယ်

ကံဆိုတာလည်း တကယ်ယိုင်နဲ့နဲ့လေးရယ်

ကိုယ်ဟာလူသားတစ်ယောက်ပဲမို့ လွန်ဆန်ခွင့်မဲ့

သိပ်လှလွန်းတဲ့ အခိုက်အတန့်လေးတွေ

နေဝင်ချိန်မှန်းတို့မသိခဲ့ချေ

အိပ်ပါတော့ကွယ် ချစ်သူလေး

Twilight ကိုယ်တို့ရဲ့အဖြစ်က ညနေဆည်းဆာလိုပဲ

ဧပရယ်ရယ် မင်းကကိုယ့်ရဲ့နတ်သမီးလေး

ဒီရင်ခွင်ကိုတိုးဝှေ့သွားတဲ့နွေလေညှင်းလေး

လေတံခွန်လိုကြိုးပြတ်သွားတော့ကိုယ်ကျန်ရစ်ခဲ့

သိပ်လှတဲ့ ဆည်းဆာလေးပျောက်ဆုံးချိန်

ညဟာအထီးကျန်တယ်

ဧပရယ်ရယ် မင်းကကိုယ့်ရဲ့နတ်သမီးလေး

ဒီရင်ခွင်ကိုတိုးဝှေ့သွားတဲ့နွေလေညှင်းလေး

လေတံခွန်လိုကြိုးပြတ်သွားတော့ကိုယ်ကျန်ရစ်ခဲ့

Twilight ကိုယ်တို့ရဲ့အဖြစ်က ညနေဆည်းဆာလိုပဲ

တမြေ့မြေ့

ထိုင်ငေးကြည့်ရင်းနဲ့ဆွေး

ပျော်ရွှင်ခဲ့သောအတိတ်ရဲ့

ပုံတူပန်းချီကားလေး

ကြင်နာသူလေးရယ် ဘဝခရီးသွားဧည့်သည်

ကိုယ်ဟာဘူတာအိုလေးတစ်ခုအဖြစ်နဲ့သာကျန်ရစ်ခဲ့

သိပ်လှလွန်းတဲ့ ဆည်းဆာလေး

နေဝင်ချိန်မှန်းတော့မသိခဲ့ချေ

အိပ်ပါတော့ကွယ် ချစ်သူလေး

Twilight နောက်ဆုံးတစ်ကြိမ်

ပွေ့ဖက်ထားခွင့်ရချင်တယ်

ဧပရယ်ရယ် မင်းကကိုယ့်ရဲ့နတ်သမီးလေး

ဒီရင်ခွင်ကိုတိုးဝှေ့သွားတဲ့နွေလေညှင်းလေး

လေတံခွန်လိုကြိုးပြတ်သွားတော့ကိုယ်ကျန်ရစ်ခဲ့

သိပ်လှတဲ့ ဆည်းဆာလေးပျောက်ဆုံးချိန်

ညဟာအထီးကျန်တယ်

ဧပရယ်ရယ် မင်းကကိုယ့်ရဲ့နတ်သမီးလေး

ဒီရင်ခွင်ကိုတိုးဝှေ့သွားတဲ့နွေလေညှင်းလေး

လေတံခွန်လိုကြိုးပြတ်သွားတော့ကိုယ်ကျန်ရစ်ခဲ့

Twilight ကိုယ်တို့ရဲ့အချစ်က ညနေဆည်းဆာလိုပဲ

下载地址:

此为隐藏内容,需人机验证后查看下载!