作词 : Noble Hlyan
作曲 : Noble Hlyan
အတွေးလေးများအတိုင်း သူလိုလူ
မျောလွင့်သွားမဲ့သူ
လွတ်လပ်မှုရဲ့သဏ္ဍာန်ကို ခံစားယူ
ညအိပ်မက်မှာ ပျော်နေချင်တဲ့သူ။
ပန်းကလေးများလန်းဆန်းစွာ
လမ်းထက်မှာ ဖူးပွင့်ဝေ
မြူခိုးထတဲ့ရိုးမမှာ
မိုးမခတွေ ယှက်သန်းနေ
စိမ်းစေ စိမ်းနေ
ငြိမ်းချမ်းစိမ်းလန်း တောင်တွေရယ်မြစ်တွေ။
စီးဆင်းတဲ့ စမ်းကျရေ
ဟိုးအထက်မှာ တောင်ခိုးဝေ။
ကျေးငှက်တို့ လွတ်လပ်စေ
မိုးထက်မှာ ပျံသန်းနေ
ငြိမ်းစေ ငြိမ်းနေ
ငြိမ်းချမ်းစိမ်းလန်း မြေပေါ်မြေအောက်နေ။
အတွေးလေးများအတိုင်း မျောချင်သူ
ညအိပ်မက်က ဖြစ်မလာဘူး
စိတ်ကူးနဲ့လက်တွေ့ အပြင်ကမ္ဘာမှာ
ရောချင်သူ ရောချင်သူ။
ငြိမ်းချမ်းမှုကို မျှော်နေချင်တဲ့သူ .. လွတ်မြောက်ဖို့ကို ငါဟာဆုတောင်းယူ။

热门推荐| 1 | |
|---|---|
| 2 | |
| 3 | |
| 4 | |
| 5 | |
| 6 | |
| 7 | |
| 8 | |
| 9 | |
| 10 |