Doublej-Gipsy歌曲免费下载

《Doublej-Gipsy》歌曲详情

作词 : Thiha Kyaw Myo

作曲 : Thiha Kyaw Myo

Verse 1 လေလွင့်ရာခရီးနှင်ဆဲ တိမ်တွေလိုမျောလွင့်ခဲ့

ထင်ထားတာထက်ပို ခက်ခဲတယ်

ဘဝဟာ ရုပ်ရှင်တစ်ခုလိုမဟုတ်ဘူးကွယ် .. Noooo

အိမ်မက်ကိုရူးသွပ်ရင်း ငါဟာ အတ္တကြီးခဲ့တယ်

အိမ်ကိုစွန့်ခွါခဲ့ ငါနောက်ဆုံးတော့

အပြင်မှာဘဝရဲ့လမ်းကိုလျှောက်ဦးပေါ့ Nooo

CHO - Gipsy လိုငါ့ဘဝကိုလွင့်မျောကာ

အချိန်နာရီတွေဖြုန်းတီးနေခဲ့တာ

တာဝန်တွေပျက်ကွက်ခဲ့ မိသားစုရဲ့

အဝေးတစ်နေရာ အမှောင်ထဲက

တစ်ကယ်ဆို သေခြင်းတရားကလက်တစ်ကမ်းမှာ

နောက်မှရတဲ့ အချိန်လွန်နောင်တများ

အိမ်ပြန်တဲ့လမ်းလေးနဲ့ အလှမ်းဝေးခဲ့တဲ့

လူငယ်တစ်ယောက်ဘဝ ... ( Ahh )

Verse 2 - လူတွေအတ္တကြီးလာသရွေ့

ကမ္ဘာဟာငြိမ်းချမ်းဖို့ခက်

ငါဟာဖြတ်ကျော်ခဲ့ဒီမိုင်များအတွက်

နာကျင်ရသည်အထိကိုယ်တိုင်ပေးဆပ်ဦးး ..

လွတ်လပ်မှုအတွက်ပေးခဲ့တဲ့အရာများ

ပြောင်းလဲခြင်းတရားဆိုတာဒါလားပြော..

မသေခင်အရှေ့ဘက်အရပ်သို့ခရီးနှင်ဆဲ .. ( Ohhh )

CHO - Gipsy လိုငါ့ဘဝကိုလွင့်မျောကာ

အချိန်နာရီတွေဖြုန်းတီးနေခဲ့တာ

တာဝန်တွေပျက်ကွက်ခဲ့ မိသားစုရဲ့

အဝေးတစ်နေရာ အမှောင်ထဲက

တစ်ကယ်ဆို သေခြင်းတရားကလက်တစ်ကမ်းမှာ

နောက်မှရတဲ့ အချိန်လွန်နောင်တများ

အိမ်ပြန်တဲ့လမ်းလေးနဲ့ အလှမ်းဝေးခဲ့တဲ့

လူငယ်တစ်ယောက်ဘဝ ... ( Ahh )

下载地址:

此为隐藏内容,需人机验证后查看下载!