C THU/Aye Mya Phyu-Shay Ku Tho歌曲免费下载

《C THU/Aye Mya Phyu-Shay Ku Tho》歌曲详情

作词 : A Linkar Kyaw Swar Shwe Pyi Aye

作曲 : A Linkar Kyaw Swar Shwe Pyi Aye

က - ဥမ္မာဒန္တီအဆင်းနှယ် ဝင်းပပလှသူလေးရယ် ချစ်တော့မယ် ကောင်းခြင်းနဲ့လင့်ဝတ်များဖြာပြည့်ဝတယ် ဇမ္ဗူဒီပါဝယ်ရှားလောက်တယ်...

မ - ပါရမီကူညီဖြည့်မယ် ရှေးကုသိုလ်ဖူးစာဖက်လို့ အကြောင်းဆက်သွယ် ချစ်တဲ့သူစိတ်မှာစွဲတယ် မခွဲတမ်းရယ် ရေရေလည်လည်ပြောစမ်းကွယ် ...

က- ကြင်နာသူကလေးရယ် ရွှေမေတ္တာမိုးရွာဖြိုးမယ်

မ - ခင်ပျိုစိတ်ထဲမယ် မောင့်ကိုသာစွဲမိတယ်...

က - ယုံပါကွယ် မခွာရက်နိုင်ကြောင်းနဲ့ ရာသက်တိုင်ပေါင်းပါ့မယ်...

မ - နောင်ခါနောင်ရေးတွေးလို့ စိုးရိမ်တယ် လိမ်ဉာဏ်တွေ ပိုဦးမှာလားကွယ် ချစ်တဲ့သူရယ် ကြိုက်တဲ့သူရယ် နှစ်ပါးဂဟေကူးဖို့ဆုပန်ရွယ်...

က - ဖူးစာကံရေးပေးလို့ တွေ့ပြန်တယ် ဆယ်ကမ္ဘာမမေ့နိုင်ဘူးကွယ် ဘုရားစူးကျိန်မယ် ကျမ်းစူးကျိန်မယ် ချိန်ဆကာပင်တွေးလို့ အရေးယူပါတော့မယ်...

က - ဝေဇယံနန်းပြာဿာဒ်က မိုးနတ်မယ် ရွှေစံပယ်ဖူး ခူးလို့ရယ် တော်ဝင်သူပန်းနမ်းတော့မယ် ခန်းဝသဥ္ဇာလယ်...

မ - လူတစ်ဖက်သား စကားနဲ့ရယ် စေတနာထားအားရဖွယ် ချိုသာစွာပြော မနောကရယ် သဘောကျနိုင်စေဖွယ်...

က - ရှုတိုင်းလည်းယဉ်ပေတယ် စိတ်မှာအသည်းစွဲလောက်ဖွယ်...

မ - မမုန်းဘူးယုံပါကွယ် မောင့်ကိုပဲချစ်မိပါတော့တယ်...

က - ဝေဇယံနန်းပြာဿာဒ်က မိုးနတ်မယ် ရွှေစံပယ်ဖူး ခူးလို့ရယ် တော်ဝင်သူပန်းနမ်းတော့မယ် ခန်းဝသဥ္ဇာလယ်...

မ - နောင်ခါနောင်ရေးတွေးလို့ စိုးရိမ်တယ် လိမ်ဉာဏ်တွေ ပိုဦးမှာလားကွယ် ချစ်တဲ့သူရယ် ကြိုက်တဲ့သူရယ် နှစ်ပါးဂဟေကူးဖို့ဆုပန်ရွယ်...

က - ဖူးစာကံရေးပေးလို့ တွေ့ပြန်တယ် ဆယ်ကမ္ဘာမမေ့နိုင်ဘူးကွယ် ဘုရားစူးကျိန်မယ် ကျမ်းစူးကျိန်မယ် ချိန်ဆကာပင်တွေးလို့ အရေးယူပါတော့မယ်...

下载地址:

此为隐藏内容,需人机验证后查看下载!