Zaw Naing-Yuu Mite Chain歌曲免费下载

《Zaw Naing-Yuu Mite Chain》歌曲详情

作词 : Zaw Naing

作曲 : Zaw Naing

မျှော်လင့်ခြင်း နာကျင်စွာပေးဆပ်ခဲ့ပြီ

အိပ်မက်များ ဒဏ်ရာတွေရရှိခဲ့ပြီ

ရူးမိုက်ချိန်တုန်းကပေါ့

အသည်းနုချိန်တုန်းကပေါ့

ကြယ်ရောင်များ ငါလိုချင်တပ်မက်ဖူးတယ်

ငွေလမင်း အကြိမ်ကြိမ် ငါတမ်းတခဲ့တယ်

ရူးမိုက်ချိန်တုန်းက‌ပေါ့

အသည်းကွဲတော့ဒုက္ခပေါ့

အတွေးများနဲ့ ဒီကမ္ဘာကို ဘယ်သူဖျက်လို့ရမလဲ

လှပတဲ့ အချိန်တွေကိုငါ အရှုံးလို့မထင်ခဲ့

အသိတချို့က ဝေဒနာတွေကို နမ်းရှိုက်နေခဲ့

ရူးမိုက်ချိန်လေးခဏပေါ့

တိမ်တိုက်များ ဒဏ်ရာကိုကုသပေးပါ

မှောင်မိုက်ခြင်း ဝေဒနာတွေ ဝေးလွင့်သွားအောင်

မူးလွန်းတဲ့ ညတစ်ညပေါ့

နှလုံးသားကိုထိန်းချုပ်တော့

စူးမိသွားပြီလေ

အဆိပ်မိသွားပြီလေ

Oh မိုက်မဲလွန်းတဲ့ အချိန်ရေ

ရောင်နီဦး မနက်ခင်းမှာတမ်းတမိတာ

ချိုမြသော အနမ်းတစ်ခုကို နမ်းတဲ့အရသာ

အရူးအမိုက်ကိုခွင့်လွှတ်တော့

ရူးခြင်းကို တပ်မက်လို့

အတွေးများနဲ့ ဒီကမ္ဘာကို ဘယ်သူဖျက်လို့ရမလဲ

လှပတဲ့ အချိန်တွေကိုငါ အရှုံးလို့မထင်ခဲ့

အသိတစ်ခုက ဝေဒနာတွေကို နမ်းရှိုက်နေခဲ့

ရူးမိုက်ချိန်လေးခဏပေါ့

အသည်းနုချိန်တုန်းကပေါ့

အသည်းကွဲတော့ဒုက္ခပေါ့

ရူးမိုက်ချိန်လေးခဏပေါ့

နှလုံးသားကိုထိန်းချုပ်တော့

ရူးခြင်းကိုတပ်မက်လို့

ရူးမိုက်ချိန်တုန်းကပေါ့

下载地址:

此为隐藏内容,需人机验证后查看下载!